ဆာဂျင်ရက်ကလစ် က နိုက်အသင်းကို ယူရို သန်း ၂၀၀ ဖြင့် ရောင်းချသွားမည်
20 Sep
ဆာဂျင်ရက်ကလစ် က ၎င်းပိုင်ဆိုင်ထားတဲ့ ပြင်သစ်လီဂူးကလပ် နိုက်အသင်းကို ယူရိုသန်း ၂၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာထားပါတယ်။ ဆာဂျင်ရက်ကလစ် ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က နိုက်အသင်းကို ယူရို သန်း ၁၀၀ ဖြင့်ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ ယူရို သန်း ၂၀၀ ဖြင့် ပြန်လည်ရောင်းချရန် ကြိုးပမ်း လာခဲ့ခြင်းဖြစ်ပါတယ်။ ဆာဂျင်ရက်ကလစ် အနေနဲ့ နိုက်အသင်းအပြင် မန်ယူအသင်းကို ပူးတွဲအသင်းပိုင်ရှင်အဖြစ် ရပ်တည် နေသူဖြစ်ပြီး မန်ယူအသင်းကို ပိုမိုရင်းနှီးမှုများ လုပ်ဆောင်လိုနေတဲ့အတွက် နိုက်အသင်းကို ပြန်လည် ရောင်းချရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် နိုက်အသင်းကို ဝယ်ယူရန်အတွက် နယူးကာဆယ် အသင်းပိုင်ရှင် PIF အုပ်စုက ထိပ်ဆုံးမှရေပန်းစားလျက်ရှိနေကြောင်း သိရပါတယ်။ (NVS 008)
20 Sep