ရယ်ဂီလွန် ကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများ အပြိုင်စိတ်ဝင်စား

20 Sep

ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်း တို့က စပါးအသင်းနဲ့လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နောက်ခံကစားသမား ရယ်ဂီလွန် ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။ အသက် ၂၈ နှစ်အရွယ် ရယ်ဂီလွန် ဟာ ကစားသမားဘဝတစ်လျှောက် စပါး၊ ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ ဆီဗီလာ၊ ဘရန့်ဖို့ဒ်၊ အေတီကို စတဲ့ ကလပ်အသင်းများမှာ ကစားခဲ့ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦး ဖြစ်လို့ ပရီးမီးယားလိဂ်ကလပ်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ နောက်ခံကစားသမား ရယ်ဂီလွန် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ် ကလပ်အသင်းများရဲ့ ကမ်းလှမ်း လာမှုကို လက်ခံစဉ်းစားသွားဖွယ်ရှိနေပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .