ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀,၄၆၁ ဦးကျော်ရှိ
20 Sep
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်မှာ ဆက်လက်တိုးလာနေပြီး စက်တင်ဘာလ ၁၈ ရက်အထိ သေဆုံးသူခြောက်ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန(ဒီဂျီအိတ်ချ်အက်စ်)က ပြောကြားသည်။ စက်တင်ဘာလ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူသစ် ၆၄၇ ဦးရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၄၀,၄၆၁ ဦး ကျော်ရှိကြောင်း ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။ အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်းမှာ ၁၆၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဒီဂျီအိတ်ချ်အက်စ်က ထုတ်ပြန်ထားသည်။ ခြင်ကြောင့် ကူးစက်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မားသည်ဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန်လမှ စက်တင်ဘာလ အတွင်း မုတ်သုံရာသီသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် ရာသီဖြစ်ကြောင်း သိရသည်။