မောင်းသူမဲ့လေယာဉ်စမ်းသပ်မှုများကို မြောက်ကိုရီးယားခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်

20 Sep

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် စက်တင်ဘာလ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော မောင်းသူမဲ့ လေယာဉ် စမ်းသပ်မှုများကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန် ထားသည်။ စက်တင်ဘာလ ၁၈ ရက် မောင်းသူမဲ့လေယာဉ် စမ်းသပ်မှုတွင် မြောက်ကိုရီးယားတပ်များသည် ကမ်ဆောင် အမည်ရှိ တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များကို စမ်းသပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စမ်းသပ်မှုများတွင် ကမ်ဆောင် နည်းဗျူဟာမြောက်တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ၏ စွမ်းဆောင်ရည်များကို မြောက်ကိုရီးယား ခေါင်းဆောင်အနေဖြင့်များစွာ ကျေနပ်အားရခဲ့ကြောင်း ကေစီအင်န်အေသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကမ်ဆောင် မောင်းသူမဲ့လေယာဉ်များ၏ စွမ်းဆောင်ရည်ကို အသိဉာဏ်တုနည်းပညာ(အေအိုင်) အကူအညီဖြင့် မြှင့်တင်ရန် ကင်ဂျုံအန် က သက်ဆိုင်ရာတာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အေအိုင်နည်းပညာ အသုံးပြုထားသော အသေခံတိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ စမ်းသပ်မှု ကို ကိုယ်တိုင်ကြီးကြပ ခဲ့သည်။ စက်တင်ဘာလ ၁၈ ရက် မောင်းသူမဲ့လေယာဉ်စမ်းသပ်မှုတွင် မြောက်ကိုရီးယားတပ်မတော်သည် မဟာ ဗျူဟာမြောက် မောင်းသူမဲ့ကင်းထောက်လေယာဉ်တစ်စင်းကိုလည်း စမ်းသပ်ခဲ့ကြောင်းသိရသည်။

20 Sep

ADVERTISE HERE .