ပွဲချိန်ခြောက်မိနစ်အတွင်း ဂိုးသွင်း၊ ဂိုးဖန်တီးမှုပြုလုပ်နိုင်သည့် ကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်

19 Sep

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလာ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အင်္ဂလိပ်ကလပ် ကိုယ်စားပြုပြီး ပွဲချိန်ခြောက်မိနစ်အတွင်း ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းကောင်းတစ်ရပ်ပိုင်ဆိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဆာလာ အနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက အေတီကိုအသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲချိန်ခြောက်မိနစ်အတွင်း တစ်ဂိုးသွင်း၊ တစ်ဂိုးဂိုးဖန်တီးမှု ပြုလုပ် ပေးပြီးနောက် ယခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆာလာ ဟာ လီဗာပူးအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ခြောက်ပွဲကစားပြီး သုံးဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .