အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ရန် နီးစပ်နေတဲ့ မက်ဆီ
19 Sep
အင်တာမိုင်ယာမီအသင်းက တိုက်စစ်မှူး မက်ဆီ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။ စာချုပ်သစ်အတွက် နှစ်ဖက်ဆွေးနွေးမှုတွေ နောက်ဆုံး အဆင့်ကို ရောက်နေပြီဖြစ်ပြီး မကြာခင်မှာ သဘောတူညီမှုရလိမ့်မယ်လို့ သိရပါတယ်။ မက်ဆီ နဲ့ အင်တာမိုင်ယာမီအသင်းတို့ စာချုပ်သစ်ကို သဘောတူညီမှုရခဲ့ပြီဆိုရင် မေဂျာလိဂ်ဆီကို ပေးပို့ပြီး အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ မက်ဆီ နဲ့ အင်တာမိုင်ယာမီအသင်းတို့ လက်ရှိစာချုပ်က ၂၀၂၅ နှစ်ကုန်တွင် ကုန်ဆုံးမှာဖြစ်ပြီး မက်ဆီ ကိုခေါ်ယူနိုင်ရန် အခြားလိဂ်များမှအသင်းတွေက စိတ်ဝင်စားနေ ကြပါတယ်။ သို့သော်လည်း အင်တာမိုင်ယာမီအသင်းနဲ့ မက်ဆီ တို့ရဲ့ ကွင်းတွင်းကွင်းပြင် ဆက်ဆံရေး အခြေအနေက ကောင်းမွန်နေတာဖြစ်လို့ ဆက်လက်ပြီးလက်တွဲသွားဖို့ ရာခိုင်နှုန်းများနေတာဖြစ်ပါတယ်။ မက်ဆီ ဟာ ၂၀၂၃ ဇူလိုင်လက ၂ နှစ်ခွဲစာချုပ်နဲ့ အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိခဲ့ပြီး မက်ဆီ ရောက်လာပြီးနောက်မှာ အသင်းအပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာ မက်ဆီ အနေနဲ့ အင်တာမိုင်ယာမီအသင်းအတွက် ၃၆ ပွဲကစားပေးထားကာ ၂၈ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။(NVS 008)