နည်းပြ ဘရူနိုလာ့ဂျ် ကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့တဲ့ ဘင်ဖီကာအသင်း

19 Sep

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက အသင်းနည်းပြ ဘရူနိုလာ့ဂျ် ကို နည်းပြရာထူးမှ ထုတ်ပယ် လိုက်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘင်ဖီကာအသင်းက ချန်ပီယံလိဂ် အမှတ်ပေးလိဂ်အဆင့်ပွဲစဉ်တွင် ကာရာဘတ်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို၊ အမှတ်ပေးပြိုင်ပွဲတွင်လည်း ရလဒ်များက ထင်သလောက်ကောင်းမွန်ခြင်း မရှိခဲ့လို့ နည်းပြ ဘရူနိုလာ့ဂျ် အား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘင်ဖီကာအသင်းရဲ့ ထုတ်ပြန်ချက်တွင် နည်းပြ ဘရူနိုလာ့ဂျ် အား ရာထူးမှထုတ်ပယ်လိုက်ကြောင်းနဲ့ အသင်းအနေနဲ့ နည်းပြသစ်တစ်ဦးကို အမြန်ဆုံး ရှာဖွေခန့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .