ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ
19 Sep
လီဗာပူးလ်အသင်းက အက်သလက်တီကိုအသင်းကို သုံးဂိုး၊ နှစ်ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်ချ် ရဲ့နောက်ကျသွင်းဂိုး သွင်းယူပြီးနောက် နည်းပြ ဆီမြွန်နီ နဲ့ ပွဲကြည့်စင်ပေါ်က လီဗာပူးလ်ပရိသတ်တွေအကြား ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လီဗာပူးလ်ပရိသတ်တွေနဲ့ နည်းပြ ဆီမြွန်နီ တို့ရဲ့ပြဿနာကို ကွင်းလုံခြုံရေးအစောင့်တွေက ဝင်ရောက်ဖျန်ဖြေပေးခဲ့သလို ကွင်းလယ်ဒိုင်လူကြီး မာရီယာနီ က နည်းပြ ဆီမြွန်နီ ကို အနီကတ်ပြ ထုတ်ပယ် ခဲ့ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဆီမြွန်နီ က နည်းပြနဲ့ ကစားသမားတွေအနေနဲ့ တုန့်ပြန်ပိုင်ခွင့် မရှိတဲ့နေရာမှာ ရောက်နေသလားလို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တတိယဂိုးသွင်းယူအပြီးမှာ လီဗာပူးလ်ပရိသတ်တွေဘက်က နည်းပြ ဆီမြွန်နီ ကို စော်ကားပြောဆိုမှုတွေ လုပ်ခဲ့တာဖြစ်ပြီး သူဟာ လူသားတစ်ယောက်ဖြစ်တဲ့အတွက် တုန့်ပြန်မှုကို ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆီမြွန်နီ က ပြောသွားပါတယ်။(NVS 008)