ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍပေါင်းစုံတွင် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

19 Sep

ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍစုံ၌ အကြားအလပ်မရှိ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က စက်တင်ဘာလ ၁၇ ရက်မှာပြုလုပ်ခဲ့တဲ့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)တွင် ပြောကြားခဲ့ကြောင်း သိရပါတယ်။ ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလာပြီဖြစ်လို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများ အကြားအလပ်မရှိ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်စေရေးအတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်၊ မူလရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများအားလုံး ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် တာဝန်ရှိသူများက ကူညီပေးရမှာဖြစ်ကြောင်း၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီရေး၊ တင်ပို့ရောင်းချမှု စနစ်တကျရှိစေရေး၊ ဥပဒေ၊ နည်းဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရမှာဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .