အိမ်နီးချင်းနိုင်ငံများရဲ့ လိုအပ်ချက်ဖြစ်တဲ့ ရေထွက်ပစ္စည်းအသားလိုအပ်မှုရှိနေပြီး မွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ရန်တိုက်တွန်း

19 Sep

အိမ်နီးချင်းနိုင်ငံများတွင် ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေထွက်ပစ္စည်း အသားလိုအပ်ချက် များစွာရှိနေပြီး မြန်မာနိုင်ငံအနေနဲ့ ငါးနှင့် ရေထွက်ပစ္စ္စည်းများကို သဘာဝအလျောက် ဖမ်းယူရရှိနိုင်သလို မွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်၍ ထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှာ ပြုလုပ်တဲ့ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံများတွင် ရေထွက်ပစ္စည်း ဈေးကွက်လိုအပ်ချက်ရှိနေတာကြောင့် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အစာကိုလည်း ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့လိုကြောင်း၊ မြန်မာရေပိုင်နက်အတွင်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းများ တိုးတက်လာစေရေး ဆောင်ရွက်ရန်လိုအပ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်ကြောင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှရင်းနှီးမတည်ငွေများ ထုတ်ပေး ထားပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .