မြန်မာ့လိပ်ပြာ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ရောင်းမည်

19 Sep

မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် ၁၁ မျိုးပါ အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချ ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ လိပ်ပြာမျိုးစိတ် ၁၁ မျိုးပါရှိတဲ့ တံဆိပ်ခေါင်းတွေကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်တွေ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်စေရန်ရည်ရွယ်ပြီး ရောင်းချပေးတာဖြစ်ပါတယ်။ စာပို့တံဆိပ် ခေါင်းသစ်တစ်မျိုးကို လာမယ့်စက်တင်ဘာလ ၂၀ ရက်၊ မနက် ၉ နာရီခွဲကစတင်ပြီး နေပြည်တော် ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အထူးအစီအစဉ် တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေး စာတိုက်ကြီးမှာ စက်တင်ဘာလ ၂၀ ရက်မှာဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်က မြန်မာနိုင်ငံမှာသာ ကျက်စားတဲ့ မြန်မာ့ဒေသရင်းငှက်မျိုးစိတ် အထူးထုတ် ၂၀၀ ကျပ်တန် ၉ လုံးပါ Block of Stamp စာပို့ တံဆိပ်ခေါင်းသစ်တစ်မျိုးကို ရောင်းချပေးခဲ့ပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .