အမေရိကန်သမ္မတ ထရမ့် က အာဖဂန်ရှိ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူသွားမည်ဟု ပြော

19 Sep

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လွန်ခဲ့တဲ့ လေးနှစ်ခန့်က ရုပ်သိမ်းခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံရှိ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည် ရယူရန် စဉ်းစားသွားမည်ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ လေတပ်အခြေစိုက်စခန်းသည် တာလီဘန်တို့၏ ကွပ်ကဲမှုတွင် ရှိနေသည်။ ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ်ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် သည် ဗြိတိန်ဝန်ကြီးချုပ်နှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့်နီးကပ်သည့် နယ်မြေ ဖြစ်တာကြောင့် အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်အခြေစိုက်စခန်း ပြန်လည်ရယူစဉ်းစားနေခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထရမ့်အနေဖြင့် အာဖဂန်ရှိ စစ်အခြေစိုက်စခန်းကို ပြန်လည်သိမ်းယူရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့ သော်လည်း လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရရှိရန် သို့မဟုတ် ပင်တဂွန်စစ်စခန်းမှ စီမံချက်များပြုလုပ်ခြင်း ရှိ/မရှိ ကို အိမ်ဖြူတော်မှ တုံ့ပြန်ထားခြင်း မရှိကြောင်း သိရသည်။ ထရမ့် ၏ ပထမသမ္မတသက်တမ်းတွင်လည်း တာလီဘန်တို့ အခြေစိုက်စခန်းကို ပြန်လည်ရယူသွားမည် ဟု စတင်ပြောကြားခဲ့သည်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တွင် ဖြစ်ပေါ်ခဲ့သော နှစ် ၂၀ ကြာ ဖြစ်ပွားနေ သသော ပဋိပက္ခကို အဆုံးသတ်လိုခြင်းဖြစ်သည်။ အမေရိကန်ကျောထောက်နောက်ခံပေးထားသည့် အာဖဂန် အစိုးရသည် ကဘူးလ်လေဆိပ်မှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဘိုင်ဒင်၏ ဒီမိုကရက်တစ်အစိုးရလက်ထက် ၈ လကျော်ကြာ ရုန်းကန်ပြီး ဆုတ်ခွာခဲ့ခြင်းကြောင့် ဝေဖန်မှုများ ကြုံခဲ့ရသည်။ ထရမ့်သည် ဘိုင်ဒင်ထံမှ သမ္မတရာထူးလက်ခံခဲ့ပြီးနောက် ဝေဖန်မှုများဖြစ်ထဲတွင် ဘိုင်ဒင်၏အစိုးရ အဖွဲ့ အနေဖြင့် ရုရှားသမ္မတပူတင်ကို ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအားတိုက်ခိုက်ရန် တိုက်တွန်းခဲ့သည်ဟူသော စွပ်စွဲ ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထရမ့်သည် ပူတင်နှင့်ပတ်သက်ပြီး ဘိုင်ဒင်လက်ထက် အမေရိကန်၏ဦးဆောင်မှုကို သဘောမကျခြင်း မှလွှဲ၍ ကျန်သည့် ကိစ္စရပ်များမရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဖဂန်မှ အမေရိကန်စစ်တပ်သည် ဂုဏ်သိက္ခာရှိရှိ မထွက်ခွာခဲ့ရခြင်းဖြစ်ပြီး အာဖဂန်ရှိ Bagram လေတပ်အခြေစိုက်စခန်း ပြန်လည် ရယူလိုခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ထရမ့်ကို အသေးစိတ်ဆက်လက်မေးမြန်းခဲ့သော်လည်း ယင်းကိစ္စ ကို ပြန်လည် ဖြေကြားခြင်းမရှိဘဲ သိက္ခာမရှိတဲ့ ဘိုင်ဒင်၏ လုပ်ဆောင်ချက်ကြောင့် အာဖဂန်ရှိ Bagram လေတပ် အခြေစိုက်စခန်းကို လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး လုံးဝလက်မလွှတ်သင့်သည့် လေတပ်အခြေစိုက်စခန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် အာဖဂန် လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူရန် တာလီဘန်အစိုးရနှင့် အသေးစိတ်ဆွေးနွေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။ ဒါပေမယ့် ထရမ့်သည် အာဖဂန်လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူလိုခြင်းမှာ ၂၀၂၁ ခုနှစ်မှာ စီးပွားရေး အကျပ် အတည်းများ၊ နိုင်ငံတကာရှိ အမေရိကန်ဂုဏ်သိက္ခာ၊ အာဖဂန်ပြည်တွင်းစစ်ဖြစ်ပွားခြင်းနှင့် နယ်စပ် စစ်ရေး အခြေအနေများအရ ပြန်လည်ရယူရန် ကြိုးပမ်းခြင်းဖြစ်ပြီး အမေရိကန်တပ်မတော်အနေနဲ့လည်း ပြန်လည် ထိန်းသိမ်းရန် ဆန္ဒရှိနေသည်။ ထရမ့်သည် အာဖဂန်ရှိ လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူလိုခြင်းမှာ အမေရိကန်၏ စစ်ရေးနှင့် စီးပွားရေးအရ အချက်အခြာကျပြီး အဓိက စီးပွားရေးပြိုင်ဘက်ဖြစ်သည့် တရုတ်၏နျူကလီးယားထုတ်လုပ်သော နေရနှင့် တစ်နာရီခန့်သာ ကွာဝေးသောကြောင့် ဖြစ်သည်။ အမေရိကန်နှင့်တာလီဘန်တို့သည် တရားဝင်ဆက်ဆံရေးမရှိသော်လည်း ဓားစာခံများကိစ္စနှင့် ပတ်သက် ပြီး ဆွေးနွေးမှုများ ရှိသည်။ အမေရိကန်ကမ္ဘာလှည့်ခရီးသွားကို တာလီဘန်တို့ ဖမ်းဆီးခဲ့ပြီး မတ်လက ပြန်လည် လွှတ်ပေးခဲ့သည်။ အဆိုပါကိစ္စသည် တာလီဘန်တို့အနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ပြေလည်စေရန် ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသဖြစ်ပြီး အမေရိကန်နှင့်တာလီဘန် အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်များ ရရှိထားပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားသည်။ တာလီဘန်တို့သည် အကျဉ်းသားလဲလှယ်ရေး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြား ခြင်း မရှိခဲ့သလို အိမ်ဖြူတော်မှလည်း ကဘူးလ်ဆွေးနွေးမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုခြင်း မရှိခဲ့ပါဘူး။ တာလီဘန်တို့သည် အမေရိကန်မှ သံတမန်အဖွဲ့ ကဘူးလ်သို့ရောက်ရှိတွေ့ဆုံမှု ဓာတ်ပုံများကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ တွေ့ဆုံမှုသည် အမေရိကန်တို့အနေဖြင့် Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူရန် ကြိုးပမ်း တစ်ခုဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။

19 Sep

ADVERTISE HERE .