ဂျရမီမွန်ဂါ ကို ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

18 Sep

ရီးရဲလ်မက်ဒရစ်အသင်းက လက်စတာစီးတီးအသင်း တောင်ပံကစားသမား ဂျရမီမွန်ဂါ ကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်ကစားသမား ဂျရမီမွန်ဂါ ဟာ လက်စတာစီးတီးအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံသုံးပွဲကစားပြီး တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြထားသလို အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းကလည်း ဂျရမီမွန်ဂါ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .