နည်းပြ နူနိုဆန်းတို့စ် ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဝက်စ်ဟမ်းအသင်းဆွေးနွေး
18 Sep
ဝက်စ်ဟမ်းအသင်းက လက်ရှိအသင်းနည်းပြ ဂရေဟမ်ပေါ်တာ ကို ရာထူးမှထုတ်ပယ်ပြီး နည်းပြသစ် အဖြစ် နူနိုဆန်းတို့စ် ကိုခန့်အပ်ရန် ဆွေးနွေးလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် နည်းပြ နူနိုဆန်းတို့စ် ကလည်း လက်ရှိအချိန်တွင် အသင်းလက်မဲ့ ဖြစ်နေခြင်း ကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းလာမှုကို လက်ခံသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ နည်းပြ နူနိုဆန်းတို့စ် ဟာ နည်းပြဘဝတစ်လျှောက်မှာ ဗလင်စီယာ၊ စပါး၊ အယ်လ်အစ်တီဟတ်၊ ပေါ်တို၊ နော်တင်ဟမ်ဖောရက်စ် စသည့်အသင်းများကို ကိုင်တွယ်ပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိထွက်ပေါ်နေတဲ့ သတင်းများအတိုင်း နည်းပြ နူနိုဆန်းတို့စ် ကို ဝက်စ်ဟမ်းအသင်း နည်းပြသစ် အဖြစ် မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
18 Sep