ဒယ်လီအလီ အားခေါ်ယူရန် စပိန်လာလီဂါကလပ်အသင်းများ စိတ်ဝင်စား
18 Sep
အသင်းလက်မဲ့ဖြစ်နေသော ကွင်းလယ်ကစားသမား ဒယ်လီ အလီ အား ခေါ်ယူရန် စပိန်လာလီဂါ ကလပ်အသင်းများဖြစ်တဲ့ ဗယ်လက်ကာနို၊ အိုဗီယေဒို၊ အယ်လ်ချီ၊ လီဗန်တေးအသင်းတို့က အပြိုင် စိတ်ဝင်စားလျက်ရှိကြောင်းသိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဒယ်လီ အလီ ဟာ ကစားသမားဘဝတစ်လျှောက်တွင် စပါး၊ အဲဗာတန်၊ ဘီဆစ်တပ်စ်၊ ကိုမို စသည့် ကလပ်အသင်းများတွင်ကစားပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးဖြစ်လို့ စပိန်လာလီဂါကလပ်များက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဒယ်လီအလီ အနေနဲ့ အဆိုပါ ကလပ်အသင်းများ၏ ကမ်းလှမ်းလာမှုကို လက်ခံသွားဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)
18 Sep