(၁၄)ကြိမ်မြောက် သီတဂူစက္ခုဒါနအလင်းအလှူတော် ပထမနေ့မှာ မျက်စိဝေဒနာရှင် ၇၀၀ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့
18 Sep
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ပြုလုပ်သော (၁၄)ကြိမ် မြောက် အခမဲ့သီတဂူစက္ခုဒါနအလင်းအလှူတော် ပထမနေ့အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မျက်စိဝေဒနာရှင် ၇၀၀ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရပါတယ်။ သီတဂူဆရာတော်ကြီးဦးဆောင်၍ (၁၄)ကြိမ်မြောက် အခမဲ့သီတဂူစက္ခုဒါနအလင်းအလှူတော်ကို စက်တင် ဘာလ ၁၇ ရက်မှ စက်တင်ဘာလ ၂၃ ရက်အထိ စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခမဲ့သီတဂူစက္ခုဒါနအလင်းအလှူတော်၌ မျက်စိအတွင်းတိမ်အပါအဝင် အခြားမျက်စိရောဂါများကြောင့် အမြင်အာရုံ ဆုံးရှုံးနေသူများကို အလင်းပြန်လည်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိပြီး မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများကိုအခမဲ့ ဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်ပါတယ်။(NVS 008)
18 Sep