အဝေးသင်တက္ကသိုလ်စာမေးပွဲများ စာမေးပွဲဖြေဆိုရမည့်ရက်များ ကြေညာ

18 Sep

၂၀၂၅ ခုနှစ် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်သင်တန်းများအတွက် စာမေးပွဲများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များတွင် လာမည့် အောက်တိုဘာလ ၁ ရက်မှ စတင်၍ ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ပထမအသုတ် အဝေးသင်သိပ္ပံအထူးပြု ဘာသာရပ်များအားလုံးကို အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာ လ ၉ ရက်အထိ၊ ဒုတိယအသုတ် အဝေးသင်ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်တဲ့ အင်္ဂလိပ်စာ၊ ပထဝီ၊ ဥပဒေ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ ဒဿနိကဗေဒဘာသာရပ်များကို အောက်တိုဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ၊ တတိယအသုတ် အဝေးသင်ဝိဇ္ဇာအထူးပြုများဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေး ပညာ၊ စီးပွားစီမံပညာ ဘာသာရပ်များက နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ ဖြေဆိုရမှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)

18 Sep

ADVERTISE HERE .