ယာယီနေရပ်စွန့်ခွာနေရသူများကို အလုပ်အကိုင်များဖန်တီးပေးနိုင်ရန်ဆွေးနွေး

18 Sep

စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) ၌ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ယာယီနေရပ်စွန့်ခွာနေရ တဲ့ ထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်ရေးအပါအဝင် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြောကြားခဲ့ပါတယ်။ ညှိနှိုင်းအစည်းအဝေးတွင် တရားမဝင်ပြည်ပထွက်ခွာ အလုပ် သမားများ လျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားများရဲ့ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်း သားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာနေရသော ထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး နည်းလမ်းများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက ကော်မတီ၏လုပ်ငန်းစဥ်တစ်ရပ်အဖြစ် တိုင်းရင်းသားဒေသများမှ ယာယီ နေရပ် စွန့်ခွာလာကြတဲ့ ထိခိုက်လွယ်အုပ်စုများအတွက် သင့်လျော်သည့်အလုပ်အကိုင်များရရှိရေးအတွက် သင်တန်း များပေးခြင်းအပြင် အလုပ်အကိုင်များဖန်တီးပေးနိုင်ရေး နည်းလမ်းများကို အစိုးရနှင့် လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက် ပေးနိုင်မည့် အစီအစဥ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ တရားမဝင်ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်လျက် ရှိတဲ့ အလုပ်သမားများ လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်နှင့်လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ လုပ်ငန်းခွင်တွင် ကျွမ်းကျင်အလုပ်သမားများရှားပါးလာမှု၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေး၊ လုပ်ငန်းခွင် သက်သာချောင်ချိရေးနှင့်ပတ်သက်၍ အစိုးရနှင့်လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို လည်း ဆွေးနွေးခဲ့ကြပါတယ်။(NVS 008)

18 Sep

ADVERTISE HERE .