အမေရိကန်နိုင်ငံ၌ လည်ပတ်လျက်ရှိသည့် တစ်တော့အက်ပလီကေးရှင်းကို Oracle နည်းပညာကုမ္ပဏီက ကိုင်တွယ်ရန်စီစဉ်
18 Sep
အမေရိကန်နည်းပညာကုမ္ပဏီဖြစ်သည့် Oracle က နိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသည့် တစ်တော့အက်ပလီ ကေးရှင်းကို ကြီးကြပ်ကိုင်တွယ်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ အမေရိကန်နိုင်ငံအတွင်း တစ်တော့အက်ပလီ ကေးရှင်း၏ လုပ်ငန်းလည်ပတ်မှု ၈၀ ရာခိုင်နှုန်းကို Oracle နည်းပညာကုမ္ပဏီဦးဆောင်သည့် အမေရိကန်ရင်းနှီးမြှုပ်နှံသူ အဖွဲ့က ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်အစုရှယ်ယာများကို တရုတ်အစုရှယ်ယာရှင်များက ဆက်လက်ထိန်းထားမည်ဖြစ် သည်။ အဆိုပါသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင် တို့က တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးသွားဖွယ်ရှိသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်ကွန်ဂရက်မှ အတည်ပြုခဲ့သော ဥပဒေတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအတွင်းအသုံးပြုသည့် တစ်တော့အက်ပလီကေးရှင်း၏ ပိုင်ဆိုင်မှုကို ၂၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ခွင့်မပြုကြောင်း ဖော်ပြထားသည်။ အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးအရာရှိများက စက်တင်ဘာလ ၁၅ ရက်တွင် စပိန်နိုင်ငံ၌ ကုန်သွယ်ရေး ဆွေးနွေးပွဲကို ဆွေးနွေးခဲ့ကြသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် က အမေရိကန်နိုင်ငံအတွင်း လည်ပတ်သည့် တစ်တော့အက်ပလီကေးရှင်း၏ လုပ်ငန်းလည်ပတ်မှုအတွက် နှစ်ဖက်ဆွေးနွေးမှုသည် သဘောတူညီမှု မူဘောင်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအတွင်း တစ်တော့အက်ပလီကေးရှင်း အသုံးပြုခွင့် သက်တမ်းကို သမ္မတ ထရမ့် က ဒီဇင်ဘာလ ၁၆ ရက်အထိ သက်တမ်းတိုးခဲ့သည်။ အဆိုပါ သက်တမ်းတိုးမြှင့်ခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရသိရသည်။