“စီးရီးအေတွင် ဂိုးသွင်းယူနိုင်သည့် ပဉ္စမမြောက် အသက်ကြီးဆုံး ကစားသမားအဖြစ် မိုဒရစ် မှတ်တမ်းဝင်”

17 Sep

အေစီမီလန်အသင်း ကွင်းလယ်ကစားသမား မိုဒရစ် ဟာ အီတလီစီးရီးအေမှာ ဂိုးသွင်းယူနိုင်သည့် ပဉ္စမမြောက် အသက်ကြီးဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၄၀ ပြည့်ပြီးဖြစ်တဲ့ မိုဒရစ် အနေနဲ့ အီတလီစီးရီးအေပွဲစဉ်အဖြစ် အေစီမီလန်အသင်းက ဘိုလော့ဂ်နာ အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မိုဒရစ် ဟာ အေစီမီလန်အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄ ပွဲကစားပြီး ၁ ဂိုး သွင်းယူ ထားနိုင်ခဲ့ပါတယ်။ မိုဒရစ် က အခုလိုမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့လို့ ပျော်ရွှင်နေပြီး အသက်အရွယ်ဆိုတာဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်းနဲ့ နောက်ထပ်သွင်းဂိုးတွေ ဆက်လက်သွင်းယူနိုင်ရန် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ ပါတယ်။ (NVS-008)

17 Sep

ADVERTISE HERE .