“အသင်းဟောင်း တွမ်တီးအသင်းကို တာဝန်ယူရန်စီစဉ်နေတဲ့ နည်းပြတန်ဟတ်”
17 Sep
လေဗာကူဆင်အသင်းမှ ထုတ်ပယ်ခံရတဲ့ နည်းပြတန်ဟတ် က အသင်းဟောင်း တွမ်တီးအသင်းကို ပြန်လည် တာဝန်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ နည်းပြ တန်ဟတ် ဟာ နယ်သာလန်ကလပ် အေဂျက်အသင်းကို ကိုင်တွယ်ခဲ့ရာမှာ အောင်မြင်မှုရယူနိုင်ခဲ့လို့ မန်ယူအသင်းက ခေါ်ယူခြင်းခံရပြီးနောက် အသင်းကို အက်ဖ်အေဖလားတစ်လုံး ရယူပေးနိုင်ခဲ့သော်လည်း ဒုတိယမြောက် ဘောလုံးရာသီတွင် ထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြ တန်ဟတ် ကို လေဗာကူဆင်အသင်းက နည်းပြ အလွန်ဆို ရဲ့နေရာမှာ အစားထိုးခဲ့သော်လည်း အဖွင့်ပွဲစဉ်နှစ်ပွဲအပြီးမှာ ၎င်းရဲ့နည်းစနစ်ပိုင်းကို သဘောမကျခဲ့တဲ့အတွက် လေဗာကူဆင်အသင်း တာဝန်ရှိသူများက ရာထူးမှထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် နည်းပြ တန်ဟတ် အနေနဲ့ မွေးရပ်မြေနယ်သာလန်ရှိ ကလပ်အသင်းဖြစ်တဲ့ အသင်းဟောင်းတွမ်တီးအသင်းကို ပြန်လည်တာဝန်ယူရန် စီစဉ်နေပြီး တွမ်တီးအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS-008)