“မန်ယူအသင်းမှ တာဝန်ရှိသူများက နည်းပြ အာမိုရင် ကို ဆက်လက်ထောက်ခံ”
17 Sep
မန်ယူအသင်းက မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်းတွင် နည်းပြ အာမိုရင် အနေနဲ့ ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း သတင်းများထွက်ပေါ်လာချိန်တွင် အသင်းတာဝန်ရှိသူများက ၎င်းကို ဆက်လက်ထောက်ခံ လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နည်းပြ အာမိုရင် အနေနဲ့ ယခုနှစ်ဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲ လေးပွဲကစားအပြီးတွင် ရမှတ်လေးမှတ်သာ ရရှိထားလို့ နှစ်ပေါင်း ၃၃ နှစ်အတွင်း ရလဒ်အဆိုးရွားဆုံး ဘောလုံးရာသီနှင့် ကြုံတွေ့ခဲ့ပြီးနောက် နည်းပြ အာမိုရင် ရဲ့ အနာဂတ်မှာ မရေမရာမှုများရှိလာခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် နည်းပြ အာမိုရင် ဟာ မန်ယူအသင်းကို တာဝန်ယူခဲ့တဲ့ အမှတ်ပေးပွဲ ၃၁ ပွဲတွင် ၁၆ ပွဲ ရှုံးနိမ့်ခဲ့သော်လည်း အသင်းတာဝန်ရှိသူများက ၎င်းဘက်မှ ဆက်လက်ရပ်တည်ပေးခဲ့ပြီး လာမည့် ချဲလ်ဆီးအသင်းနှင့် ပွဲစဉ်အပါအဝင် ပွဲစဉ် အများအပြားကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် မန်ယူအသင်းအနေနဲ့ အမှတ်ပေးပြိုင်ပွဲ လေးပွဲကစားအပြီးမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် ရမှတ်လေးမှတ်သာ ရရှိခဲ့ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်နေကြောင်းသိရပါတယ်။ (NVS-008)