“မန်ယူအသင်း တန်းဆင်းရနိုင်ခြေရှိကြောင်း စူပါကွန်ပျူတာခန့်မှန်း”

17 Sep

မန်ယူအသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် တန်းဆင်းရနိုင်ခြေရှိကြောင်း နာမည်ကျော်အချက်အလက် ဝက်ဘ်ဆိုက် Opta ၏ စူပါကွန်ပျူတာက ခန့်မှန်းဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲကစားအပြီးတွင် ရမှတ်လေးမှတ်သာ ရရှိထားပြီး အဆင့် ၁၄ နေရာတွင် ရပ်တည်ကာ ရလဒ်များအလွန်ဆိုးရွားလျက်ရှိနေပါတယ်။ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ လီဗာပူးလ်အသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပြီး မန်ယူအသင်းနဲ့ ဘန်လေအသင်းတို့က တန်းဆင်းရဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။ မန်ယူအသင်းက နွေရာသီဈေးကွက်အတွင်း ငွေကြေးအမြောက်အမြားသုံးစွဲကာ ကစားသမားသစ်များ ခေါ်ယူခဲ့သော်လည်း လက်ရှိအချိန် အထိ ရလဒ်များမှာ ခန့်မှန်းထားသလောက် ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးရွားလျက်ရှိနေပြီး အသင်းနည်းပြ အာမိုရင် ကို ထုတ်ပယ်ပေးရန်လည်း အသင်းပရိသတ်များက တောင်းဆိုထားကြပါတယ်။ (NVS-008)

17 Sep

ADVERTISE HERE .