“ရှမ်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုအပါအဝင် လုပ်ငန်း ၂၆ ခုကို ခွင့်ပြုပေး”
17 Sep
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ (၄/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် အတွင်းရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု လုပ်ငန်း ၈ ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုကို ခွင့်ပြု ပေးခဲ့ကြောင်း သိရှိရပါတယ်။ ကော်မတီအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈ ခု၊ ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၉၀ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၉၂ သန်း အပါအဝင် ကျပ်သန်း ၄၆,၂၁၆ ဒသမ ၃၀၁ ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအနေဖြင့် ပြည်တွင်းတွင် ၁,၆၉၈ ဦးနှင့် ပြည်ပတွင် ၇၈ ဦးတို့ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံလိုသည့်လုပ်ငန်းများနှင့်ပတ်သတ်၍ ခွင့်ပြုနိုင်မည့် ကိစ္စရပ်များကိုလည်း တာဝန်ရှိသူများက ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။ (NVS-008)