“ယခုနှစ်မိုးရာသီကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလျက်ရှိ”

17 Sep

ယခုနှစ်မိုးရာသီကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပုံမှန်အားဖြင့် မိုးရာသီကာလတွင် ကမ်းခြေသို့ ခရီးသွားအဝင်နည်းသော်လည်း ယခုနှစ်တွင် ယမန်နှစ်ထက် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားခဲ့ကြောင်း သိရပါတယ်။ ငွေဆောင်ကမ်းခြေဟာ သာယာလှပပြီး ရေအရည်အသွေးကောင်းမွန်ခြင်း၊ သဲအရည်အသွေး ကောင်းမွန်ခြင်း၊ ရေကူးသောနေရာများတွင် ဘေးကင်းလုံခြုံမှုရှိခြင်းတို့ကြောင့် ခရီးသွားများကို ဆွဲဆောင်မှုရှိတဲ့အပြင် ကမ်းခြေနှင့် ဆက်စပ်ပြီး မြွေကျွန်း၊ ချစ်သူများကျွန်းနှင့် ညဈေးစတဲ့နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရပါ တယ်။ ငွေဆောင်ကမ်းခြေသို့ ပုသိမ်မြို့မှ မော်တော်ယာဉ်များဖြင့် လာရောက်လျှင် ၁ နာရီခန့်ကြာပြီး ရန်ကုန်မြို့မှ လာရောက်လျှင် ၅ နာရီခန့်သာ ကြာမြင့်နိုင်ကာ အနယ်နယ်အရပ်ရပ်မှ ငွေဆောင်ကမ်းခြေသို့ ခရီးသည်တင် အဝေးပြေး ယာဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ (NVS-008)

17 Sep

ADVERTISE HERE .