“မြန်မာ့ကော်ဖီနှင့်လက်ဖက်ရည်ရိုးရာယဉ်ကျေးမှုဓလေ့ကို အာဆီယံကော်ဖီနှင့်လက်ဖက်ရည်သံတမန်ပြပွဲ၌ ဖော်ထုတ် ပြသခဲ့”

17 Sep

မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ (ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025) ကို စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ တို့ကို မြန်မာသံရုံးမှ ဖော်ထုတ်ပြနိုင်ခဲ့ကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်မှုအရ သိရပါတယ်။ မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက်မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်ရဲ့ ထူးခြားသော အရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-008)

17 Sep

ADVERTISE HERE .