“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့်သူများ စတင်လျှောက်ထားနိုင်”

17 Sep

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင်စတင်၍ အပိုင်းလိုက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုသူများအနေနဲ့ ‌ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို စက်တင်ဘာ လ ၁၆ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၁၆ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ စောင့်ကြည့်လေ့လာလိုသူများအနေနဲ့ လေ့လာလိုသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စတင်လျှောက်ထားနိုင်ပြီး ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အမိန့်ကြေညာစာ စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာထားကာ ရွေးကောက်ပွဲကော်မရှင်ဝက်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရူနိုင် ကြောင်း အသိပေးထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုလည်း တိုက်ရိုက်ဖိတ်ကြားစာပေးပို့ခြင်းနှင့် သံတမန်ဆက်သွယ်မှု ပြုထားသည့် နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် အမြဲတမ်းကိုယ်စားလှယ်ရုံးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြား၍ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS-008)

17 Sep

ADVERTISE HERE .