အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ဒဏ်ရာပြဿနာကြောင့် လာမည့်ပွဲစဉ်များကို လွဲချော်နိုင်

16 Sep

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ဟာ နော်တင်ဟမ်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော်ခံစစ်ကစားသမား တင်ဘာ နဲ့ထိခိုက်မှုကြောင့် ပခုံးဒဏ်ရာထပ်မံရရှိခဲ့ပြီး လာမည့်ပွဲစဉ်များကို လွဲချော်နိုင်ကြောင်း သိရပါတယ်။ အိုဒီဂတ် အနေနဲ့ အဆိုပါပွဲစဉ် ပွဲကစားချိန် ၁၈ မိနစ်တွင် ပင်နယ်တီ ဧရိယာ အစပ်မှ ပြိုင်ဘက်ကစားသမား ဂစ်ဝှိုက် ရဲ့ဘောလုံးကို ဟန့်တားရန်ကြိုးပမ်းရာမှ အသင်းဖော်ခံစစ် ကစားသမား တင်ဘာ နဲ့ထိခိုက်မိခဲ့ပြီး ပခုံးဒဏ်ရာ ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တိုက်စစ်ကစားသမား နဝမ်နာရီ နဲ့ လူစားလဲခဲ့ရပါတယ်။ အိုဒီဂတ် ဟာ ဩဂုတ်လ ၂၃ ရက်မှာကစားခဲ့တဲ့ လိဒ်ယူနိုက်အသင်းနဲ့ ပွဲစဉ်မှာလည်း ပခုံး ဒဏ်ရာကြောင့် ပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရပါတယ်။ အဆိုပါဒဏ်ရာကြောင့် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့သော်လည်း ယခု ပွဲစဉ်တွင်လည်း ပခုံးဒဏ်ရာထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာဟောင်းပြန်လည်ထိခိုက်မှာကို အသင်းနည်းပြ အာတီတာ က စိုးရိမ်လျက်ရှိနေပြီး လာမည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေကြောင်းသိရပါတယ်။ အာဆင်နယ် အသင်းက လက်ရှိတွင် ဂျီးဆပ်၊ ကိုင်ဟာဗက်၊ နော်ဂတ် တို့အပြင် အိုဒီဂတ် ကိုပါ လက်လွှတ်ရမှာဖြစ်ပါတယ်။ ကြားရက်တွင် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရကစားသမား များပြားလာမှုကြောင့် နိုင်ပွဲရရှိရန် ရုန်းကန်ရနိုင်ကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .