ပေါင်ကြွက်သားဒဏ်ရာကြောင့် သုံးလနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ ရူဒီဂါ

16 Sep

ဂျာမနီလက်ရွေးစင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံကစားသမား ရူဒီဂါ ဟာ ပေါင်ကြွက်သား ဒဏ်ရာ ကြောင့် သုံးလနီးပါးခန့် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ ရူဒီဂါ အနေနဲ့ နိုင်ငံအသင်းဖြစ်တဲ့ ဂျာမနီ လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ယခုလို ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဂျာမနီလက်ရွေးစင် အသင်းအတွက် သာမက ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် နောက်ခံကစားသမား ရူဒီဂါ ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂ဝ၂၂-၂ဝ၂၃ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ၁၅၇ ပွဲကစားပြီး ခုနှစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .