ဘွန်ဒက်လီဂါပြိုင်ဘက်ကလပ် အသင်း ၂၀ ကို ဂိုးသွင်းယူနိုင်သည့် မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တဲ့ ဟယ်ရီကိန်း
16 Sep
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း က ဘွန်ဒက်လီဂါပြိုင်ဘက် ကလပ်အသင်း ၂ဝ လုံးကို ဂိုးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းက ဟမ်းဘတ်အသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးပြီးနောက် ယခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဟယ်ရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁ဝ၁ ပွဲကစားပြီး ၉၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ (NVS 008)
16 Sep