လာပေါ်တီ ကို ဘီလ်ဘာအိုအသင်း ပြန်လည်ခေါ်ယူ

16 Sep

ဘီလ်ဘာအိုအသင်းက အသင်းကစားသမားဟောင်းဖြစ်တဲ့ စပိန်နောက်ခံလူ လာပေါ်တီ ကို ပြန်လည် ခေါ်ယူပြီး ၂၀၂၈ ခုနှစ်အထိ သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ လာပေါ်တီ ဟာ အသက် ခြောက်နှစ်အရွယ်ကတည်းက ဘီလ်ဘာအိုအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ဘီလ်ဘာအိုအသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တွင် မန်စီးတီးအသင်းသို့ ပေါင် ၅၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ အယ်လ်နာဆာအသင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းက လာပေါ်တီ ကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အချိန်မီခေါ်ယူခဲ့သော်လည်း အယ်လ်နာဆာအသင်းက စာရင်းသွင်းရန် ပျက်ကွက်ခဲ့မှုကြောင့် အဆိုပါအပြောင်းအရွှေ့ကို FIFA က လက်မခံ ခဲ့တာဖြစ်ပါတယ်။ သို့သော် FIFA က ပြန်လည်ခွင့်ပြုပေးခဲ့တာကြောင့် ဘီလ်ဘာအိုအသင်း လာပေါ်တီ ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .