ဘာစီလိုနာအသင်းတွင် လက်ထောက်နည်းပြအဖြစ် သီယာဂို အယ်လ်ကန်တာရာ စတင်ဆောင်ရွက်

16 Sep

ဘာစီလိုနာအသင်းကစားသမားဟောင်း သီယာဂိုအယ်လ်ကန်တာရာ အနေနဲ့ အသင်းနည်းပြ ဟန်ဆီ ဖလစ်ခ် ရဲ့ ဘာစီလိုနာအသင်းလက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ သီယာဂို ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာစီလိုနာအသင်းတွင် အစပြုခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ် အသင်းတို့မှာလည်း ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ ၂၀၂၄ နွေရာသီတွင် ကစားသမားဘဝမှ အနားယူပြီးနောက် ဘာစီလိုနာအသင်းနည်းပြ အဖွဲ့ဝင်အဖြစ် ယာယီဆောင်ရွက်ခဲ့သော်လည်း လပိုင်းအတွင်း လမ်းခွဲခဲ့ပါတယ်။ လက်ရှိအချိန်တွင် ဟန်ဆီဖလစ်ခ် ရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ် တရားဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး ဘာစီလိုနာအသင်းမှ သီယာဂို အား ကြိုဆိုကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .