စိန်တလုံးသရက်စိုက်ခင်း လုပ်ကိုင်ခွင့်လျှောက်ထားပြီး အကောင်အထည်ဖော်ခြင်းမရှိတဲ့ မြေများ ပြန်လည်သိမ်းယူ

16 Sep

နေပြည်တော်ကောင်စီ၊ ရမည်းသင်းနှင့် ပျော်ဘွယ်ရှိ စိန်တလုံးသရက်များ စိုက်ပျိုးမည်ဆိုကာ လုပ်ပိုင်ခွင့် လျှောက်ထားပြီး အကောင်အထည်ဖော်ခြင်းမရှိသည့် မြေများကို ပြန်လည်သိမ်းယူလိုက်ပြီး မည်သည့်အသနား ခံစာကိုမျှ ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။ နေပြည်တော်ကောင်စီနယ်မြေရှိ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များ၊ ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်၊ ရမည်းသင်းအစရှိတဲ့ မြို့နယ်များရှိ မြေလွတ်မြေလပ်များကို စိန်တလုံး သရက် စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဇုန်များဖော်ထုတ်ပြီး လုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်း ဖြစ်ပါတယ်။ ထိုမြေနေရာများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သက်ဆိုင်ရာလုပ်ကိုင်ခွင့်ရရှိသူများကို လုပ်ကွက် များ ချထားပေးခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေတွင် စိန်တလုံးသရက်စိုက်ပျိုးရေးဇုန်(၁)အဖြစ်လည်းကောင်း၊ ရမည်းသင်းခရိုင်တွင် ဇုန်(၂)အဖြစ်လည်းကောင်း သတ်မှတ်ကာ ချထားပေးခဲ့ပါတယ်။ ယင်းလုပ်ကွက်များတွင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ခြင်းမရှိသည့် လုပ်ကွက်များကို ပြန်လည်သိမ်းယူခြင်းဖြစ်ပြီး မည်သည့် အသနားခံစာကိုမျှ ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .