မန္တလေးငလျင်ကြီးသက်ဆိုင်သည့် အချက်အလက်များသိရှိနိုင်ရန် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိ
16 Sep၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသက်ဆိုင်သည့် အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိထားကြောင်း သိရပါတယ်။ အဆိုပါဝက်ဘ်ဆိုက်ကို မြန်မာနိုင်ငံ အတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသည့်ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်ပြီး အလှူရှင် များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များနှင့် အလှူငွေများ ထိရောက်စွာလှူဒါန်းနိုင်ရန်တို့အတွက် ရည်ရွယ်ကာ ဝက်ဘ်ဆိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုနိုင်မည့် အပြင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်မယ်လို့ သိရပါတယ်။(NVS 008)