ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ပေးပို့ရမည့်ရက်ကို တိုးမြှင့်သတ်မှတ်

16 Sep

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြည်ပရောက်မဲဆန္ဒရှင်များ၏ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များ ကို ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သို့ နောက်ဆုံးထားပေးပို့ရမည့်ရက်ကို စက်တင်ဘာလ ၂၄ ရက် အစား အောက်တိုဘာလ ၁၂ ရက်အထိ တိုးမြှင့်ပေးထားကြောင်း စက်တင်ဘာလ ၁၅ ရက်တွင် အသိပေးထုတ်ပြန် ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရ ပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်၌ စတင် ကျင်းပမှာဖြစ်ပြီး မဲဆန္ဒနယ်အနေနဲ့ ၇၁၂ နယ်၌ ကျင်းပမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေး ထားပါတယ်။ (NVS 008)

16 Sep

ADVERTISE HERE .