ပြည်ပသို့ ယခုဘဏ္ဍာနှစ် ၅ လအတွင်း ပုစွန်တန်ချိန် ၃,၇၀၀ ကျော် တင်ပို့နိုင်ခဲ့
16 Sep
ယခုဘဏ္ဍာနှစ် ၅ လအတွင်း မြန်မာနိုင်ငံမှရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ပုစွန် တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၃,၇၄၀ ဒသမ ၅၅၃ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၈၅ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ၅ လအတွင်း ပုံမှန် ကုန်သွယ်မှုမှ မက်ထရစ်တန် ၃,၃၅၆ ဒသမ ၀၁၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၁ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၈၄ ဒသမ ၅၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၄ သန်း ရရှိသည့်အတွက် ပြည်ပသို့ ပုစွန်တင်ပို့မှု စုစုပေါင်း မက်ထရစ် တန် ၃,၇၄၀ ဒသမ ၅၅၃ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁ဝ ဒသမ ၄၈၅ သန်း ရရှိထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန် အပါအဝင် ငါး စတဲ့ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှ လည်း တိုက်ရိုက်တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ၅ လအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်း မက်ထရစ် တန် ၁၅၃,၉၂၆ ဒသမ ၃၃၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၄၃၆ သန်း ရရှိထားပါတယ်။(NVS 008)