ကယားပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်း ၃ ကျောင်းပြန်လည်ဖွင့်လှစ်

16 Sep

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ပေးမှုဖြင့် ကယားပြည်နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ နေထိုင်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ လွိုင်ကော်မြို့နယ်၊ ပန်ကန် ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၊ လွိုင်ကော်မြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ပြန်လည်ဖွင့်လှစ်သည့် အခြေခံပညာစာသင်ကျောင်း ၃ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၈၀ ဦး ပညာသင်ကြားလျက်ရှိကာ ကျောင်းအပ်လက်ခံခြင်းနှင့် ကျန်ရှိသော အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .