“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်”

15 Sep

စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက် တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာလျှင် ၆,၆၁၀ ကျပ်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က စျေးနှုန်းထက် အနည်းငယ် မြင့်တက်လာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကမှ ထုတ်ပြန်ထားပါ တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့်စားအုန်းဆီ ရန်ကုန် အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာလျှင် ၆,၅၂၀ ကျပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်မှ စပြီး ဈေးအနည်းငယ်ကျဆင်းခဲ့သော်လည်း ဩဂုတ်လအတွင်း စျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုစက်တင် ဘာလ တတိယပတ်တွင် ၆,၆၁၀ အထိ မြင့်တက်လာခြင်းဖြစ်ပါတယ်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားရှိပါတယ်။ (NVS-004)

15 Sep

ADVERTISE HERE .