“အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကျင်းပမည်”

15 Sep

အင်းသားရိုးရာလှေလှော်ပြိုင်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်း က အမှာစကားပြော ကြားပြီး လှေလှော်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်မှ ပြိုင်ပွဲများကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါ အင်းသားရိုးရာ လှေလှော် ပြိုင်ပွဲများကို စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် ရေလယ်ဧည့်ခန်းမရှေ့ ရေပြင်၊ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ ကမ်းနားလမ်းရှိ နန်းကပ်ချောင်း၊ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက် နံနက်ပိုင်းတွင် ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ရှေ့ ရေပြင်နေရာတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

15 Sep

ADVERTISE HERE .