“မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဆောင်ရွက်မည်”
15 Sep
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမပိုင်းတွင် ကျေးရွာခုနစ်ရွာနှင့် ဒုတိယပိုင်းတွင် ကျေးရွာခုနစ်ရွာ စုစုပေါင်းကျေးရွာ ၁၄ ရွာ၌ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စီမံကိန်းပထမပိုင်းအနေဖြင့် မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာသုံးရွာ၊ သာစည်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာ၊ ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာတစ်ရွာနှင့် မလှိုင်မြို့နယ်အတွင်း ကျေးရွာတစ်ရွာ စုစုပေါင်းကျေးရွာခုနစ်ရွာ၌ ဆောင်ရွက်မည်ဖြစ်ကာ လက်ရှိမှာ ကျေးရွာခြောက်ရွာ၌ VDP စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်ကျေးရွာတစ်ရွာမှာ ဆက်လက်ဆောင်ရွက်လျက်ရှိနေပါတယ်။ စီမံကိန်းဒုတိယပိုင်းအနေဖြင့် မိတ္ထီလာမြို့နယ်၌ ကျေးရွာသုံးရွာ၊ သာစည်မြို့နယ်၌ ကျေးရွာနှစ်ရွာ၊ ဝမ်းတွင်း မြို့နယ်၌ ကျေးရွာတစ်ရွာနှင့် မလှိုင်မြို့နယ်၌ ကျေးရွာတစ်ရွာစုစုပေါင်း ကျေးရွာခုနစ်ရွာ၌ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မိတ္ထီလာခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများမြှင့်တင်နိုင်စေရန် အဓိကထားရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)