“ပလင်းကမ်းသာယာဆင်စခန်းသို့ Online မှတစ်ဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု ၁,၀၁၅ ကြိမ်အထိရှိ”
15 Sep
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှဖွင့်လှစ်ထားသော မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ဘေးရှိ ပလင်းကမ်းသာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလျက်ရှိရာ ၁,၀၁၅ ကြိမ်အထိရှိလာပြီး လက်ရှိတွင် Online မှ ကြိုတင်ချိတ်ဆက်မှု များလည်း ရှိနေသေးကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူထံမှ သိရပါတယ်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း ၂၂ ခုအထိ ဖွင့်လှစ်ထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်း လိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ဆင်စာအဖြစ် ကြံ၊ နေဗီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးမွေးကာ ရာသီပေါ်သီးနှံ များကိုလည်း ကျွေးမွေးလျက်ရှိပါတယ်။ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် ငွေကျပ်ငါးသောင်းမှ တစ်သိန်းအထိ လှူဒါန်း နိုင်ပြီး တစ်နေ့စာ ဆင်ကောင်ရေခြောက်ကောင်အတွက် ငွေကျပ်တစ်သိန်းဖြင့် လှူဒါန်းနိုင်ပါတယ်။ ပလင်းကမ်းသာယာဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်း နိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို ဖုန်း ၀၉-၂၅၆၃၂၅၀၉၉ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)