“ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား ရစ်ကီ ကွယ်လွန်”
15 Sep
အသက် ၄၆ နှစ်အရွယ် ဗြိတိန်လက်ဝှေ့နှင့် ကမ္ဘာ့ချန်ပီယံဟောင်း ရစ်ကီဟတ်တန် စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ဗြိတိန်မီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရပါတယ်။ ဟတ်တန် ဟာ သည်ဟစ်မန်း ဟုအမည်ခေါ်တွင်ပြီး လိုက်ဝဲလ်တာဝိတ်နှင့် ဝဲလ်တာဝိတ်အတန်းများတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ဖလွိုက်မေဝဲသာ ဂျူနီယာ၊ မန်နီ ပတ်ကွီအို နှင့် ကော့စ်တရာဇူး တို့ကို အနိုင်ထိုးသတ်ခဲ့ဖူးတဲ့ ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တွင် မေဝဲသာ ကို ရှုံးနိမ့်ခဲ့သည့် အချိန်အထိ နိုင်ပွဲ ၄၃ ပွဲနှင့် ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ခဲ့ပြီး ဟတ်တန် ဟာ ၄၅ ပွဲနိုင်၊ ၃ ပွဲ ရှုံးစံချိန်ဖြင့် ၂၀၁၂ ခုနှစ်တွင် အနားယူခဲ့တာဖြစ်ပါတယ်။ မကြာသေးမီနှစ်များက ဟတ်တန် ဟာ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲကာ စိတ်ဓာတ်ကျကြောင်း ဖွင့်ဟပြောခဲ့ပါတယ်။ ဒါပေမယ့် ဟတ်တန် အနေနဲ့ ဒီဇင်ဘာလ ၂ ရက်တွင် ဒူဘိုင်း၌ အီဆာအယ်ဒါဟ် နှင့် တစ်ကျော့ပြန်ထိုးသတ်ရန်ရှိပြီး ကွင်းထဲသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသူဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ အားကစားပရိတ်သတ်များကလည်း ဟတ်တန် အတွက် စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဂုဏ်ပြုခဲ့ကြ ပါတယ်။ ဟတ်တန် ကွယ်လွန်ချိန်မှာ သားသမီး ၃ ဦးနဲ့ မြေးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။ (NVS-008)