“ပရီးမီးယားလိဂ်ရဲ့ စတုတ္ထဂိုးသွင်းအများဆုံး ကစားသမားနေရာကို ရောက်ရှိလာတဲ့ ဆာလတ်”
15 Sep
ဘန်လေနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလတ် ဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ စတုတ္ထနေရာရောက်လာခဲ့ပါတယ်။ ထိုပွဲမှာ လီဗာပူးလ်အသင်းဟာ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၅ မိနစ်မှာ ပင်နယ်တီရရှိခဲ့ပြီး ဆာလတ်မှ သွင်းယူပေး နိုင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ ၄ ပွဲစလုံးတွင် နောက်ကျဂိုးများနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘန်လေအသင်းကို သွင်းယူခဲ့သောဂိုးဟာ ဆာလတ် အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၈၈ ဂိုးမြောက် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး စတုတ္ထနေရာမှ အန်ဒီကိုးလ် ကို ဖြတ်ကျော် ကာ စတုတ္ထဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ (NVS-008)
15 Sep