“လက်ရှိပုံစံဖြင့် ဆက်ကစားသွားလိုကြောင်း ပြောခဲ့တဲ့ ဟွိုင်လန်း”

15 Sep

နာပိုလီအသင်းမှာ အငှားလာရောက်ကစားနေတဲ့ မန်ယူတိုက်စစ်မှူး ဟွိုင်လန်း က လက်ရှိပုံစံမျိုးဖြင့် ရှေ့ဆက် ကစားသွားလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဟွိုင်လန်း က ဖီအိုရင်တီနားအသင်းကို ၃ ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲမှာ နာပိုလီအသင်းအတွက် ပထမဆုံးပွဲထွက်ကစားပေးခဲ့ပြီး ၁၄ မိနစ်တွင် သွင်းဂိုးတစ်ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဟွိုင်လန်း က ယနေ့နိုင်ပွဲဟာ အရေးကြီးတဲ့နိုင်ပွဲဖြစ်ပြီး ရာသီအဖွင့် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ၎င်းအနေနဲ့ ယခုကဲ့သို့ ပုံစံမျိုးနဲ့ ရှေ့ဆက်သွားချင်ကြောင်း၊ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကလည်း ၎င်းအတွက် အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ကာ နာပိုလီအသင်းဟာ မယုံနိုင်စရာကောင်းတဲ့အသင်းဖြစ်ပြီး အသင်းနဲ့အတူ ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။ နာပိုလီအသင်းဟာ လာမယ့်ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ အဝေးကွင်းကစားရမှာ ဖြစ်ပါတယ်။ (NVS-008)

15 Sep

ADVERTISE HERE .