“တိုက်စစ်မှူး ဟာလန်း ဖလားသုံးလုံးရရှိခဲ့တဲ့ ရာသီကထက် ပိုကောင်းနေကြောင်း ဂွါဒီယိုလာပြောကြား”

15 Sep

မန်စီးတီးနည်းပြ ဂွါဒီယိုလာ က တိုက်စစ်မှူး ဟာလန်း ရဲ့ လက်ရှိအခြေအနေဟာ ဖလားသုံးလုံးရခဲ့တဲ့ ရာသီက ထက် ပိုကောင်းနေတယ်လို့ မန်ယူနဲ့ပွဲအပြီးမှာ ချီးကျူးပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ စူပါဆန်းဒေးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲတွင် မန်ယူအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲ၌ ဟာလန်း က သွင်းဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ၄ ပွဲကစားရာမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးကစားသမားအဖြစ်လည်း ဦးဆောင်ရပ်တည်လျက် ရှိပါတယ်။ ဒါ့အပြင် ဟာလန်းအနေနဲ့ မန်စီးတီး ကစားသမားဘဝ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ(၅၀)ပြည့်မှာ ဂိုး ၅၀ ပြည့်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ဟာလန်း ဟာ မန်စီးတီးကစားသမားဘဝ အစကတည်းက ကောင်းမွန်စွာ ကစားပေး နိုင်ခဲ့ပြီး ယခုရာသီမှာ ဖလားသုံးလုံးရရှိခဲ့တဲ့ ရာသီထက် ပိုမိုကောင်းမွန်နေကြောင်း၊ ဂိုးများစွာသွင်းယူပြီး အသင်းကို ကူညီပေးနိုင်ဖို့ အလိုရှိနေကြောင်း ပြောခဲ့ပါတယ်။ (NVS-008)

15 Sep

ADVERTISE HERE .