“ဗြိတိန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြည်သူများက ဆန့်ကျင်ဆန္ဒထုတ်ဖော်”
15 Sep
ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၌ နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြည်သူများက ဆန့်ကျင်ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုသည် တစ်ပတ်ကျော်ကြာခဲ့ပြီး နိုင်ငံတစ်ဝန်းအထိ ပျံ့နှံ့လျက် ရှိသည်။ ဝေလပြည်နယ်ရှိ ဟိုတယ် ၂၀၀ ခန့်တွင် ခိုလှုံခွင့်တောင်းခံသူ ၃၀,၀၀၀ ကျော်ကို နေထိုင်ခွင့်ပြုထားကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။ နိုင်ငံအရှေ့တောင်ပိုင်း အက်ဆက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ခိုလှုံခွင့် တောင်းခံသူ အီသီယိုးပီးယားနိုင်ငံသားတစ်ဦးက လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် အခြားပြစ်မှုများကို ကျူးလွန်ခဲ့ပြီး နောက် နိုင်ငံသားများနှင့် ခိုလှုံခွင့်တောင်းခံသူများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ ခိုလှုံခွင့်တောင်းခံသူများ နေထိုင်သည့် အခြားဟိုတယ်များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ သည်။ မြို့တော်လန်ဒန်၌ ဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တွမ်မီရောဘင်ဆန် က စီစဉ်ခဲ့ခြင်းဖြစ် သည်။ ဆန္ဒပြသူများက "သူတို့ကို အိမ်ပြန်ပို့ပါ”နှင့် “ကျွန်ုပ်တို့၏ကလေးများကို ကယ်တင်ပါ" ဟု ရေးသားထား သည့် စာတန်းများကို ကိုင်ဆောင်ထားသည်။ ဆန္ဒပြမှုတွင် ပြည်သူတစ်သိန်းကျော်ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဆန္ဒထုတ်ဖော်သူများနှင့်ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ရာ ရဲအရာရှိ ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒ ထုတ်ဖော်သူ ၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရက ခိုလှုံခွင့်တောင်းခံသူများအားထားရှိရန် ဟိုတယ်များအသုံးပြုမှုကို ဖြည်းဖြည်း ချင်း ရပ်ဆိုင်းမည့်အစီအစဉ်များကို ကြေညာခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။