“လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် အမည်စာရင်းတင်သွင်းခြင်းများနှင့် ပတ်သက်ပြီး နေ့ရက်များ ပြင်ဆင်”

15 Sep

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်ပတ်သက်သည့် နေ့ရက်များကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမယ့် ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူလွှတ်တော် မဲဆန္ဒနယ် (၅၆)နယ်၊ အမျိုးသားလွတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်(၅၆)နယ်တို့တွင် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံ‌ရေးပါတီများနှင့် တစ်သီးပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေနဲ့ စာရင်းတင်သွင်းရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် အချိန်ပိုမိုရရှိစေရန် ကိုယ်စားလှယ်လောင်း များ အမည်စာရင်းတင်သွင်းခြင်း စိစစ်ခြင်းရုပ်သိမ်းခြင်းတို့ကို ရက်တိုးမြှင့်ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရ ပါတယ်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို စက်တင်ဘာလ ၈ ရက်တွင် စတင်တင်သွင်းနိုင်ပြီဖြစ်ပြီး ရုပ်သိမ်းနိုင်သည့်နောက်ဆုံး‌နေ့ရက်ကို စက်တင်ဘာလ ၁၇ ရက် ထိ သတ်မှတ်ထားကြောင်း သိရပါတယ်။ PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းပါက အစားထိုး ပြန်လည်တင်သွင်းရမည့် နောက်ဆုံးနေ့ရက်သည် စက်တင်ဘာလ ၁၈ ရက် မှ စက်တင်ဘာလ ၂၂ ရက်အထိ ဖြစ်ကြောင်း သိရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည့်‌ရမည့် နောက်ဆုံးရက်သည် စက်တင်ဘာလ ၂၂ ရက်ဖြစ်ပြီး စိစစ် မည့်နေ့ရက်သည် စက်တင်ဘာလ ၂၃ ရက်ကနေ အောက်တိုဘာလ ၄ ရက်အထိ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အသိပေးထားပါတယ်။ (NVS-008)

15 Sep

ADVERTISE HERE .