“မြေလွတ်မြေရိုင်းများကို စပျစ်ခြံစိုက်ပျိုးခြံလုပ်ငန်းရှင်များအား ချထားဆောင်ရွက်ပေးမည်”
15 Sep
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြေလွတ်/မြေရိုင်းများ၌ စပျစ်စိုက်ပျိုးခြံ တည်ထောင်လိုတဲ့ လုပ်ငန်းရှင်များကို ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာခွဲမှ သိရပါတယ်။ အဆိုပါဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စပျစ်စိုက်ပျိုးလို့ရရှိနိုင် တဲ့ မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ပြီး စပျစ်စိုက်တောင်သူများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအတွက် စိုက်ပျိုးမြေ များ ချထားပေးသွားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးနည်းအမျိုးအစား၊ စိုက်ပျိုးနည်းစနစ်များကို လည်း မျှဝေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ စပျစ် ဟာ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ရန် ရည်ရွယ်ကာ စိုက်ပျိုးတောင်သူ၊ လုပ်ငန်းရှင် များနှင့် အသင်းအဖွဲ့များကို နည်းပညာပေးခြင်းနဲ့ မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ လည်း ၎င်းဌာနခွဲမှ သိရပါတယ်။ စိုက်ပျိုးလိုတဲ့ တောင်သူ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအနေနဲ့ မိမိနေထိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပတ်ဝန်းကျင်ရှိ မြေလွတ်/မြေရိုင်းများတွေ့ရှိပါက စပျစ်စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ လျှောက်ထားနိုင်သလို မိမိပိုင်မြေ ဖြစ်ပါကလည်း မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှုနည်းပညာများကို ပူးပေါင်းဆောင်ရွက် ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံအတွင်း စပျစ်စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်း သာမက တန်ဖိုးမြှင့်ထုတ်ကုန် စပျစ်ဝိုင်အဖြစ်ပါ ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့နယ်များမှာ စပျစ်စိုက်ပျိုးမှုများပြားလာတယ်လို့ သိရပါတယ်။ (NVS-008)