“မြန်မာ-တရုတ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်းတွင် အသင်းဝင်ရောက်လိုသူများကို ဖိတ်ခေါ်”
15 Sep
မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်း၌ အသင်းဝင်ရောက်လိုသူများကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက်အဆင်ပြေချောမွေ့လာစေရန် နှင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ “မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်း (Myanmar-China Trade and Investment Promotion Association - MCTIP)"ကို မြန်မာနိုင်ငံမှ ကုမ္ပဏီများ (အကြီး၊ အလတ်၊ အငယ်) နှင့် တရုတ်နိုင်ငံမှ State-own ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကုမ္ပဏီများ (အကြီး၊ အလတ် ၊ အငယ်)တို့ဖြင့် ဖွဲ့စည်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အသင်းဝင်ရောက်လိုတဲ့ လူပုဂ္ဂိုလ်/ကုမ္ပဏီတို့အား MCTIP အသင်း တွင် အသင်းဝင အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ထားပြီး အသင်းဝင်နိုင်ရေးအတွက် ပူးတွဲပါ အချက်အလက်များကို ဖော်ပြပါ phone, Email, Viber များသို့ ဆက်သွယ်၍ ပြန်လည်ပေးပို့ ပေးပါရန် အသင်းဖြစ်မြောက်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ (NVS-008)