နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်နိုင်ငံ နန်နင်းမြို့သို့ ရောက်ရှိပြီး ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရေးမှူးနှင့် တွေ့ဆုံ

14 Sep

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာကျင်းပမယ့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်ကို တက်ရောက်ဖို့ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းက နေပြည်တော်တပ်မတော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာပါ တယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီးနဲ့ဌာနအကြီးအကဲတွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စ မာကျား၊ အသင်းအဖွဲ့တွေက ဥက္ကဋ္ဌများနဲ့အဖွဲ့ဝင်များ လိုက်ပါသွားခဲ့ကြပြီး တရုတ်နိုင်ငံ၊ နန်နင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသ စံတော်ချိန် မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။ ဒေသစံတော်ချိန် ညနေပိုင်းမှာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ CPC ပါတီအတွင်းရေးမှူး မစ္စတာ ချန်ကန်းနှင့် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာမှာ လက်ခံတွေ့ဆုံခဲ့ ပါတယ်။ ထိုသို့တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသတို့အကြား ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု ပိုမိုမြှင့်တင်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အဆင့်မြင့်နည်းပညာတွေ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွား ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့တွေ တည်ထောင်ပြီး မြို့နှစ်မြို့သာမက နှစ်နိုင်ငံ ကဏ္ဍစုံ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ တွေ့ဆုံပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPCပါတီအတွင်းရေးမှူးနဲ့အတူ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူး မစ္စတာ ဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စ မာကျားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ ညပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကို ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ CPC ပါတီအတွင်းရေးမှူးက လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာ ကျင်းပတဲ့ တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင် ပြသသွားမှာဖြစ်ပြီး Charming City ပြခန်းဆောင်လည်း ပါဝင်ပြသသွားမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ် (၂၁) ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပြခန်းပေါင်း ၈၀ ကျော် ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။ (NVS 004)

14 Sep

ADVERTISE HERE .